အိုင်စီတီလုပ်ငန်းသည် Kyocera Group အတွက်အဓိကလုပ်ငန်း၊ ထုတ်လုပ်မှုကြီးကြပ်ရေးစနစ်နှင့် အဓိကဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် KDDI ၏စနစ်အသီးသီးဖန်တီးမှု၊ စတင်အသုံးချမှု၊ ထိန်းသိမ်းမှုများတွင် များစွာသောအောင်မြင်မှုများရရှိထားသည်။ [သတင်းအချက်အလက်များကိုထိန်းသိမ်းခြင်း၊ ချိတ်ဆက်ခြင်း၊ အသုံးချခြင်းအပြင်စီမံခန့်ခွဲမှုကိုတိုးမြှင့်ခြင်း]ကို မူအဖြစ်ဖြင့် သုံးစွဲသူများ၏စီမံခန့်ခွဲမှုလက်နက်ဖြစ်စေမည့် စီမံအုပ်ချုပ်မှုစနစ်ကိုတည်ဆောက်ခြင်းအပြင်၊ [AI] [IoT] [Cloud] [လုံခြုံရေး]စသည်တို့၏ ပြောင်မြောက်သောနည်းပညာကိုအသုံးပြုကာ စီးပွားရေးကိုပြောင်းလဲစေပြီး သုံးစွဲသူများနှင့် လူမှုအဖွဲ့အစည်းများ၏ပြဿနာဖြေရှင်းမှုများတွင် အကျိုးပြုမည့် IT ‌‌ဖြေရှင်းမှုများကိုပေးအပ်သွားပါမည်။

သုံးစွဲသူများ၊ လူမှုအဖွဲ့အစည်းများ၏ပြဿနာဖြေရှင်းမှုများတွင် အကျိုးပြုမည့် IT ဖြေရှင်းမှုများ

စနစ်ပေါင်းစည်းမှု AI IoT Infrastructure Security

ဆက်သွယ်ရေးလုပ်ငန်းအတွက်စနစ်အသီးသီး၊ လေကြောင်းကုမ္ပဏီကြီးများအတွက်အဓိကလုပ်ငန်းများစနစ်၊ အဝေးသင်ပညာရေးကုမ္ပဏီများအတွက် သင်ထောက်ကူပစ္စည်းပို့ဆောင်ခြင်းစနစ်၊ Kyocera Group အတွက်အဓိကလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းကြီးကြပ်ရေးစနစ်၊ ထို့အပြင် BtoB ဖြေရှင်းမှုများကိုလုပ်ဆောင်ခြင်း။

ERP ဖြေရှင်းမှု Infrastructure Security

ကမ္ဘာ့နိုင်ငံအသီးသီးတွင်အခြေစိုက်ထားသော ကုန်ထုတ်လုပ်ငန်းများ၏လုပ်ငန်းခွင်လည်ပတ်မှုအတွက် ပြုပြင်ပြောင်းလဲခြင်းများနှင့်ပြည်ပအခြေစိုက်လုပ်ငန်းများအပါအဝင် အပြည်ပြည်ဆိုင်ရာ ERP ဖြေရှင်းမှုများ၏တည်ဆောက်မှုများတွင် ဆွေးနွေးတိုင်ပင်ခြင်းမှ စနစ်တည်ဆောက်ခြင်း၊ လည်ပတ်ထိန်းသိမ်းခြင်းများအထိ စုပေါင်းအထောက်အကူပြုခြင်း။

အခြေခံအုတ်မြစ်ဖြေရှင်းမှု AI IoT Infrastructure Security

စားသုံးသူများအတွက် စမတ်ဖုန်းအပလီထုတ်လွှင့်ခြင်းအခြေခံအုတ်မြစ်၊ သိုလှောင်ခြင်းဆိုင်ရာဝန်ဆောင်မှုစသည်တို့၏ အင်တာနက်ဝန်ဆောင်မှုအခြေခံအုတ်မြစ်၊ IoT/API အခြေခံအုတ်မြစ်ကို လုပ်ဆောင်ခြင်း။

ပညာရေး၊ ဆေးဝါးဆိုင်ရာဖြေရှင်းမှုများ AI Infrastructure Security

တက္ကသိုလ်၊ အများဆိုင်ရာကဏ္ဍများအတွက် စာကြည့်တိုက်စနစ်အပြင် ဆေးဝါးကုသရေးကဏ္ဍအတွက် အာဟာရဖြည့်စွက်စာကြီးကြပ်ခြင်းစနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစသဖြင့် ပညာရေး၊ ဆေးဝါးကုသမှုနယ်ပယ်များတွင် ရလဒ်များကိုအခြေခံပြီး အမျိုးမျိုးသောဖြေရှင်းမှုများကိုပေးအပ်ခြင်း။

IT ဖြေရှင်းမှုများကိုထောက်ကူသည့်နည်းပညာ

AI အသုံးချနည်းပညာ

AI ကိုအသုံးချပြီး ကုန်ထုတ်လုပ်ငန်းများတွင်ရုပ်ပုံစစ်ဆေးခြင်း၊ ဒေတာကြီးများအားခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စီမံခန့်ခွဲရေးထောက်ကူခြင်းစသည့်ဝန်ဆောင်မှုကို ဖြေရှင်းမှုအမျိုးအစားများအလိုက်ပေးအပ်ခြင်း။ ပြည်ပနိုင်ငံများ၏ Cloud ဝန်ဆောင်မှုပေးသူများနှင့် ရှေ့ပြေးနည်းပညာများကိုမျှဝေလျက်ရှိပါသည်။

Deep Learning ဖြင့်ရုပ်ပုံခွဲခြမ်းစိတ်ဖြာခြင်း AI - Labellio

လူလုပ်အသိဉာဏ် (AI) တိုးတက်လာမှုကြောင့် ယခင်ကခက်ခဲခဲ့သော ဖွဲ့စည်းပုံမရှိသောဒေတာ (ရုပ်ပုံ၊ အသံ၊ text) တို့ကို ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်နိုင်လာပြီဖြစ်သည်။ ၎င်းနည်းပညာတီထွင်ဆန်းသစ်မှုကြောင့် ယခုအချိန်ထိလူသားများကသာလုပ်နိုင်ခဲ့သည့်အရာကို စက်ပစ္စည်းများမှလည်း လုပ်နိုင်လာပြီဖြစ်ပြီး အမျိုးမျိုးသောလုပ်ငန်းများတွင် ပြောင်းလဲမှုအသစ်များဖြစ်ပေါ်နေသည်။
AI အထူးကျွမ်းကျင်အဖွဲ့စည်းများသည် " သင့်အနီးက AI " ဖြစ်သည်ဟူသော ယူဆချက်ကိုကိုင်စွဲလျှက်Kyocera Communication Systems သည် AI ပုံရိပ်ခွဲခြားစိတ်ဖြာမှုလုပ်ငန်း Labellio ကို လုပ်ဆောင်ပေးသည်။ Kyocera Communication Systems သည် ပုံရိပ်အမျိုးစားခွဲခြားမှုအကြောင်း နက်နက်နဲနဲသင်ယူမှု ၊ မျက်နှာအသိမှတ်ပြုမှုနှင့် လုပ်ဆောင်ချက်အသိမှတ်ပြုမှုအပါဝင် နောက်ဆုံးပေါ်ပုံရိပ်စိတ်ဖြာမှုနည်းပညာဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်နေသည်။

ဝက်ဘ်ဆိုက် (အင်္ဂလိပ်)

IoTအတွက်ဆက်သွယ်ရေးဝန်ဆောင်မှု

IoT ကွန်ယက်ဖြစ်သည့် [Sigfox] ကို ဂျပန်တစ်နိုင်ငံလုံးတွင် တွင်ကျယ်ထားပြီး ယခုအထိမရှိခဲ့ဖူးသေးသောချိုသာသည့်ဈေးနှုန်း၊ ဓာတ်အားသုံးစွဲမှုအနည်းငယ်ဖြင့်ချိတ်ဆက်သည့်ပတ်ဝန်းကျင်ကို လုပ်ဆောင်ခြင်းနှင့်အတူ IoT ဖြေရှင်းမှုဝန်ဆောင်ခြင်းကို လုပ်ဆောင်နေသည့် လုပ်ငန်းတူများ၏လုပ်ငန်းတိုးတက်မှုများကို အထောက်အကူပြုနေပါသည်။

IoT ချိတ်ဆက်မှု - Sigfox

ယနေ့ခေတ်တွင် IoT အသုံးပြုမှုသည်အရှိန်အဟုန်ဖြင့်ကျယ်ပြန့်လာနေပြီး ဓာတ်အားသုံးစွဲမှုအနည်းငယ်ဖြင့် ဧရိယာပိုမိုကျယ်ပြန့်စွာသုံးနိုင်သောအားသာချက်ရှိသည့် LPWA (Low Power Wide Area) ချိတ်ဆက်မှုအပေါ် အာရုံစိုက်နေကြသည်။ အာရုံခံစက်၊ ဒေတာတိုင်းစက်အသီးသီးနှင့် သင့်လျော်သည့်ကြိုးမဲ့ဆက်သွယ်ရေး ပြုလုပ်နိုင်ရန် Sigfox ကွန်ယက်စနစ်ကို ကမ္ဘာ့နိုင်ငံ 70 (06/2020 မှစ၍) တွင် စောင့်ကြည့်ခြင်း၊ လယ်ယာလုပ်ငန်း၊ ကုန်ပို့ဆောင်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ သဘာဝပတ်ဝန်းကျင်၊ စက်ပစ္စည်း၊ လူမှုဝန်းကျင်ဖြည့်ဆည်းပေးမှုများ စသည့် နယ်ပယ်အသီးသီးတွင် အသုံးပြုနေပြီး ဂျပန်တွင်လည်း စတင်သုံးစွဲမှုများရှိနေသည်။
Kyocera Communication Systems သည် နိုင်ငံတကာ LPWA ကွန်ယက်ဖြစ်သည့် Sigfox ကို ဂျပန်တွင်တည်ဆောက်ပြုလုပ်ပြီး အရာအားလုံးကို နက်ဝက်ဖြင့်ချိတ်ဆက်မှုပြုခြင်းဖြင့် လုံခြုံပြီးအဆင်ပြေချောမွေ့သော လူမှုဝန်းကျင်ဖန်တီးခြင်းတွင် အကျိုးပြုပါမည်။

ဝက်ဘ်ဆိုက် (အင်္ဂလိပ်)

အခြေခံလိုအပ်ချက်၊ Cloud အသုံးချခြင်းနည်းပညာ

ပြည်တွင်းရှိဒေတာစင်တာ ၃ခုကို ဗဟိုပြုပြီး Cloud ဖြေရှင်းမှု၊ ဘက်ပေါင်းစုံ စောင့်ကြည့်ခြင်း၊ လုံခြုံရေးစသည့် လိုက်လျောညီထွေရှိသောဝန်ဆောင်မှုခေါင်းစဉ်များဖြင့် IT အရင်းအမြစ်များကိုဝန်ဆောင်မှုပေးအပ်သွားပါမည်။

လုံခြုံရေးဖြေရှင်းမှု

သတင်းအချက်အလက်ခိုးယူသူများထံမှ တိုက်ခိုက်မှုများကိုခုခံသည့် [AI လုံခြုံရေးပစ္စည်း] [ထိုးဖောက်မှုစစ်ဆေးခြင်း(အားနည်းမှုစစ်ဆေးခြင်း)] မှစ၍ စမတ်ဖုန်းဂိမ်းစသည်တို့ရှိ မသမာမှုများကိုကြိုတင်ကာကွယ်ခြင်း [ဂိမ်းလုံခြုံရေးစစ်ဆေးခြင်း]နှင့် [လုံခြုံရေးဆွေးနွေးခြင်းဝန်ဆောင်မှု]အမျိုးအစားအသီးသီးတို့ကို ဝန်ဆောင်မှုပေးအပ်ပါမည်။