ကုမ္ပဏီ၏ စီမံခန့်ခွဲဦးဆောင်သူမှ အမှာစကား

Kyocera Communication Systems (KCCS) သည် 1995ခုနှစ်တွင် Kyocera Corporation မှ ခွဲထွက်ရပ်တည်ခဲ့ပြီး၊ သတင်းအချက်အလက်စနစ်ကုမ္ပဏီအဖြစ် လုပ်ငန်းစတင်တည်ထောင်ခဲ့သည်။ မူလရှိပြီးလုပ်ငန်းကိုချဲ့ထွင်ရန်ရည်မှန်းချက်နှင့် အတူလုပ်ငန်းအသစ်၏ စိန်ခေါ်မှုကိုပါထပ်လောင်း၍ ယခုလက်ရှိတွင်မူ 「အိုင်စီတီ」「အင်ဂျင်နီယာ」「ဆက်သွယ်ရေး・သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင်」「Management Consulting (စီမံခန့်ခွဲမှုအတိုင်ပင်ခံ)」 နယ်ပယ်တွင် လုပ်ငန်းများကိုချဲ့ထွင်လုပ်ဆောင်လျက်ရှိသည်။

ကျွန်ုပ်တို့လုပ်ငန်းအဖွဲ့အသီးသီး၏နည်းပညာများ၊နည်းစနစ်များနှင့်ကျွန်ုပ်တို့၏စွမ်းရည်များကိုအသုံးပြုလျက် အနာဂတ်ဆက်သွယ်ရေးလုပ်ငန်း တွင် စွန့်ဦးတီထွင်မှုဖြင့် လူမှုဆိုင်ရာပြဿနာများကို ဖြေရှင်းခြင်း၊ဝန်ထမ်းများပျော်ရွှင်ချမ်းမြေ့သော ကုမ္ပဏီတစ်ခုဖြစ်အောင်ဖန်တီးခြင်းများကိုလုပ်ဆောင်မည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (Sustainable Development Goals: SDGs) ကိုအကောင်အထည်ဖော်နိုင်ရန် AI, IoT, 5G (ပဉ္စမမြောက်မျိုးဆက်ဖြစ်သည့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်) အပါအဝင် အဆင့်မြင့်နည်းပညာများနှင့် KCCS Group အနေဖြင့်ဆက်လက်ဆောင်ရွက်သွားမည့် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်များ လုပ်ငန်း၏လုပ်ထုံးလုပ်နည်းများကိုပေါင်းစပ်ပြီး တစ်ကမ္ဘာလုံးတွင်မရှိသေးသော ဝန်ဆောင်မှုအသစ်ကိုမွေးထုတ်ကာ လူမှုပတ်ဝန်းကျင်အားအကျိုးပြုသွားနိုင်ရန် ရည်မှန်းထားပါသည်။

ထို့အပြင် KCCS Group ၏ စီမံခန့်ခွဲမှုစိတ်ကူးဖြစ်သည့် 「ကုမ္ပဏီနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဝန်ထမ်းများ၏ ကာယဗလ၊ ဉာဏဗလတိုးတက်စေရန် စီမံဆောင်ရွက်ခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် လူသားများကို အကျိုးပြုရန် 」ဆိုသည်ကိုအကောင်အထည်ဖော်နိုင်ရန်ဦးတည်ပြီး ဆက်လက်တိုးတက်သွားမည့် ကုမ္ပဏီအဖြစ်ရပ်တည်လိုသည်ဟုဆန္ဒပြုမိပါသည်။

အလုပ်အမှုဆောင်ဒါရိုက်တာ Yoshihito Kurose