ကုမ္ပဏီအုပ်စု

KCCS Group သည်「အိုင်စီတီ」「ဆက်သွယ်ရေးအင်ဂျင်နီယာ」 「သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင် အင်ဂျင်နီယာ」「စီမံခန့်ခွဲမှုအတိုင်ပင်ခံ」 လုပ်ငန်းများကိုဂျပန်တွင် တည်ထောင်ခဲ့သည် ။ ယင်း လုပ်ငန်းအသီးသီးမှရရှိလာသော နည်းပညာနှင့် လုပ်ထုံးလုပ်နည်းများအား KCCS Group ၏ပြည်ပဌာနများသို့ ထောက်ပံ့ပေးခြင်းသာမက ပြည်တွင်းကုမ္ပဏီများ၏ပြည်ပရင်းနှီးမြှုပ်နှံခြင်းနှင့် ပြည်ပရှိဒေသခံကုမ္ပဏီများ၏လုပ်ငန်းများတွင်အားပေး ကူညီခြင်းစသဖြင့် စီးပွားရေးနယ်ပယ်ကိုချဲ့ထွင်သွားမည်ဖြစ်သည်။

‌‌‌မြေပုံ

  • *
    ကုမ္ပဏီတစ်ခုချင်းစီ၏ဝက်ဘ်ဆိုက်သွားဖို့ကုမ္ပဏီအမည်အားကလစ်နှိပ်ပါ။
Business : [ICT]ICT, [Com]Telecommunications Engineering, [Env]Environment and Energy Engineering, [Mgmt]Management Consulting / 【JAPAN】[ICT][Com][Env][Mgmt]KYOCERA Communication Systems Co., Ltd., [ICT]MOTEX Inc., [ICT][Com]KCCS Mobile Engineering Co., Ltd., [ICT][Com]KCCS Career Tech Inc., [ICT]Rist, Inc., [Com]Tokai BroadBand Service Inc. 【China】[ICT]KYOCERA Communication Systems (Shanghai) Co., Ltd., [Mgmt]KYOCERA Amoeba Management Consulting (Shanghai) Co., Ltd. 【Vietnam】[Com]KYOCERA Communication Systems Vietnam Co., Ltd. 【Myanmar】[Env]KYOCERA Communication Systems Kinetic Myanmar Co., Ltd. 【Malaysia】[Com][Env]KYOCERA PROPEL NETWORK SDN. BHD. 【Singapore】[ICT]KYOCERA Communication Systems Singapore Pte. Ltd. 【U.S.A.】[ICT]Interfocus Technologies, Inc. As of June 2019 Business : [ICT]ICT, [Com]Telecommunications Engineering, [Env]Environment and Energy Engineering, [Mgmt]Management Consulting / 【JAPAN】[ICT][Com][Env][Mgmt]KYOCERA Communication Systems Co., Ltd., [ICT]MOTEX Inc., [ICT][Com]KCCS Mobile Engineering Co., Ltd., [ICT][Com]KCCS Career Tech Inc., [ICT]Rist, Inc., [Com]Tokai BroadBand Service Inc. 【China】[ICT]KYOCERA Communication Systems (Shanghai) Co., Ltd., [Mgmt]KYOCERA Amoeba Management Consulting (Shanghai) Co., Ltd. 【Vietnam】[Com]KYOCERA Communication Systems Vietnam Co., Ltd. 【Myanmar】[Env]KYOCERA Communication Systems Kinetic Myanmar Co., Ltd. 【Malaysia】[Com][Env]KYOCERA PROPEL NETWORK SDN. BHD. 【Singapore】[ICT]KYOCERA Communication Systems Singapore Pte. Ltd. 【U.S.A.】[ICT]Interfocus Technologies, Inc. As of June 2019 MOTEX Inc. Open link in new window KCCS Mobile Engineering Co., Ltd. Open link in new window KCCS Career Tech Inc. Open link in new window Rist, Inc. Open link in new window Tokai BroadBand Service Inc. Open link in new window KYOCERA PROPEL NETWORK SDN. BHD. Open link in new window KYOCERA Communication Systems Singapore Pte. Ltd. Open link in new window Interfocus Technologies, Inc. Open link in new window KYOCERA Communication Systems (Shanghai) Co., Ltd. Open link in new window KYOCERA Amoeba Management Consulting (Shanghai) Co., Ltd. Open link in new window

ပြည်တွင်းကုမ္ပဏီအုပ်စု

ဂျပန်

  • MOTEX Inc. [MOTEX]ICT

    MOTEX သည် ချိတ်ဆက်မှုစနစ်ထိန်းသိမ်းခြင်း・ချိတ်ဆက်မှုသတင်းအချက်အလက်များပေါက်ကြားမှုအားကာကွယ်ခြင်းပစ္စည်း အတွက်「LanScope စီးရီး」 ကုန်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ခြင်း・ဒီဇိုင်းထုတ်ခြင်း・တီထွင်ခြင်းမှ ရောင်းချခြင်းအထိတစ်ပြိုင်နက်တည်း ဆောင်ရွက်နေသည်။ 1992ခုနှစ်တွင် နက်ဝက် (network) ထိန်းသိမ်းခြင်းစနစ် 「LanScope」ရောင်းချခြင်းကိုစတင်ပြီးနောက်ပိုင်း ယခုအချိန်အထိ နက်ဝက် (network) ပိုင်းလုံခြုံရေးပစ္စည်းအမျိုးပေါင်း၂ဝကျော်ကိုထုတ်ပေးခဲ့ပြီး IT မြှုပ်နှံမှု/PC ဖွဲ့စည်းမှုထိန်းသိမ်းခြင်းဆော့ဖ်ဝဲတွင်လည်း ဈေးကွက်ရှယ်ယာအမြင့်ကို ဆက်လက်ထိန်းသိမ်းနေသည်။ သုံးစွဲသူများ၏ကုမ္ပဏီအကျိုးအမြတ်များကို ဖန်တီးပေးမည့်လုံခြုံရေးပြင်ဆင်မှုများကို ပို့ဆောင်ပေးပါမည်။

    တည်နေရာ
    MOTEX Shin-Osaka Bldg., 5-12-12 Nishinakajima, Yodogawa-ku, Osaka 532-0011, Japan

    ဝက်ဘ်ဆိုက် (ဂျပန်)

  • KCCS Mobile Engineering Co., Ltd. [KCME]ICTCom

    နှစ်၅ဝခန့်၊ရာစုနှစ်တစ်ဝက်ခန့်တောက်လျှောက်ဂျပန်၏ ကြိုးမဲ့ဆက်သွယ်ရေး တိုးတက်မှုသမိုင်းကိုထောက်ကူ လာခဲ့သည့်နည်းပညာစွမ်းအားကိုအခြေပြုပြီး 2011ခုနှစ် တွင် တည်ထောင်ခဲ့သည့်သတင်းအချက်အလက် ဆက်သွယ်ရေး၏ ပေါင်းစပ်အင်ဂျင်နီယာကုမ္ပဏီဖြစ်သည်။
    စမာ့တ်ဖုန်းနှင့် တက်ဘ်လက်ပ်များ၏ လျင်မြန်သောပြန့်ပွားလာမှုစသည်တို့ကြောင့် ပမာဏအနေဖြင့်ရော အရည်အသွေးအနေဖြင့်ပါ နက်ဝက် (network) ၏တိုးတက်ခြင်းကို တောင်းဆိုလာကြချိန်တွင် မိုဘိုင်းနှင့် အိုင်စီတီကို ပေါင်းစပ်ပြီးအသင့်တော်ဆုံးဖြေရှင်းမှုကိုပြုလုပ်ခကာ တစ်ပြိုင်နက်တည်း မိုဘိုင်း ကြိုးမဲ့ချိတ်ဆက်ခြင်းနှင့် IT အခြေခံတည်ဆောက်ဖွဲ့စည်းခြင်း・လည်ပတ်မှုများဖြင့် ဝန်ဆောင်ပေးလျက်ရှိပါသည်။

    တည်နေရာ
    Mita 43MT Bldg., 3-13-16 Mita, Minato-ku, Tokyo 108-0073, Japan

    ဝက်ဘ်ဆိုက် (အင်္ဂလိပ်)

  • KCCS Career Tech Inc. [KCCT]ICTCom

    KCCT သည် KDDI ကဲ့သို့ IT ကုမ္ပဏီများနှင့်တယ်လီကွန်းဆယ်သွယ်ရေးလုပ်ငန်းများအတွက် ယာယီဝန်ထမ်းဖြည့်ဆည်းပေးသည့် ဝန်ဆောင်မှုကိုလုပ်ဆောင်ပေးသည်သတင်းအချက်လက်နှင့် ဆက်သွယ်မှု အခြေခံအဆောက်ဦးလုပ်ငန်းများပိုမိုဖွံ့တိုးတက်ရေးကိုလုပ်ဆောင်ပေးနေသည်။ကျွန်ုပ်တို့ကုမ္ပဏီ၏ သုတေသနစင်တာတွင်လေ့ကျင့်မှုများ လုပ်ဆောင်ခြင်း・စေလွှတ်ခြင်း 「ပျိုးထောင်ရန်စေလွှတ်ခြင်း」 များကြောင့် နည်းပညာသစ်များသာမက ဆက်ဆံရေးအရည်အချင်းပါပြည့်စုံသူများကိုစေလွှတ်ပေးခြင်းနှင့် ၎င်းအပြင် သုံးစွဲသူများ၏လိုအပ်ချက်နှင့်ကိုက်ညီသူများကို မွေးထုတ်ပေးခြင်းဖြင့် သတင်းအချက်အလက်ဆက်သွယ်ရေးအခြေခံစီးပွားရေးလုပ်ငန်း၏ ပိုမိုတိုးတက်ကောင်းမွန်လာမှုကိုပေးစွမ်းပါမည်။

    တည်နေရာ
    Mita Nitto Daibiru Bldg. 1F, 3-11-36 Mita, Minato-ku, Tokyo 108-0073, Japan

    ဝက်ဘ်ဆိုက် (ဂျပန်)

  • Rist, Inc. [Rist]ICT

    Ristသည် Deep Learningနှင့် Machine Learning တို့ကို အသုံးပြုထားသည့် ရုပ်ပုံ・ရုပ်အရှင်ဖြေရှင်းခြင်းစနစ်တိုးတက်အောင်လုပ်ခြင်း၊ အထူးသဖြင့်ကုန်ထုတ်လုပ်ငန်းတွင် မျက်မြင်စစ်ဆေးခြင်း၏အလိုအလျောက်စနစ်ပြောင်းခြင်းကို အကျိုးအမြတ်အဖြစ် ယူဆသောစွန့်ဦးတီထွင်ကုမ္ပဏီဖြစ်သည်။ အသီးသီးလုပ်ဆောင်ခဲ့သော ရုပ်ပုံနှိုင်းယှဉ်စစ်ဆေးခြင်းနည်းဖြင့် AI ကိုသုံးထားသည့်စနစ်ကို လျင်မြန်စွာပို့ဆောင်ပေးပြီး ကုန်ထုတ်လိုင်းတွင် စစ်ဆေးခြင်းအားအလိုလျောက်စနစ်ပြောင်းလဲစေခြင်းဖြင့် အကျိုးပြုသွားပါမည်။

    တည်နေရာ
    ImpactHubTokyo, 2-11-3 Meguro, Meguro-ku, Tokyo, 153-0063 Japan

    ဝက်ဘ်ဆိုက် (ဂျပန်)

  • Tokai BroadBand Service Inc. [TBBS]Com

    Shizuoka-ken Kawane Honcho ရှိ [အဆင့်မြင့်သတင်းအချက်အလက် အခြေခံအုတ်မြစ်ပြင်ဆင်ခြင်းလုပ်ငန်း] ၏ လုပ်ငန်းလည်ပတ်သောကုမ္ပဏီအဖြစ် 01/2014 တွင်တည်ထောင်ခဲ့သည်။ ဟိကားရိဖိုင်ဘာနှင့် ကြိုးမဲ့တို့ကိုအသုံးချထားသောဟိုက်ဘရစ်ပုံစံ သတင်းအချက်အလက်ဆက်သွယ်ရေး Broadband အခြေခံကိုသုံးထားသည့် ဒေသနှင့်အံဝင်ခွင်ကျဖြစ်သော အင်တာနက်ဝန်ဆောင်မှုနှင့် IP အသိပေးဝန်ဆောင်မှု၊ 050IP ဖုန်းစသည်တို့ကိုဝန်ဆောင်ပေးနေသည်။ ဒေသနှင့်အံဝင်ခွင်ကျဖြစ်သော လုပ်ငန်းပါတနာအဖြစ် မြို့နေလူများ၏နေ့စဉ်လူနေမှုကိုထောက်ကူပြီး မြို့၏တိုးတက်မှု・ထွန်းကားစည်ပင်မှုကို အကျိုးပြုပါမည်။

    တည်နေရာ
    950-2 Senzu, Kawanehoncho, Haibara-gun, Shizuoka 428-0411, Japan

    ဝက်ဘ်ဆိုက် (ဂျပန်)

ပြည်ပကုမ္ပဏီအုပ်စု

တရုတ်

  • KYOCERA Communication Systems (Shanghai) Co., Ltd. [KCSS]ICT

    တရုတ်နိုင်ငံ၏ITဈေးကွက်ကျယ်ပြန့်လာမှုကိုကြိုတင်ဖတ်ဆမိပြီး 01/2001 တွင် KCCS Group၏ ပထမဆုံးသောပြည်ပလက်အောက်ခံကုမ္ပဏီအဖြစ် တည်ထောင်ခဲ့သည်။ ဂျပန်အတွက်အခြေစိုက် (offshore) တိုးတက်အောင်လုပ်ဆောင်မှုများအပြင် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသောဂျပန်ကုမ္ပဏီများနှင့် ဒေသခံကုမ္ပဏီများအတွက် အိုင်စီတီနှင့်ဆက်စပ်သော ပစ္စည်းများ・ဝန်ဆောင်မှုများကိုလုပ်ဆောင်ပေးနေသည်။ တဖန် Kyocera Group ၏ ဒေသတွင်းအခြေစိုက်အထောက်အကူပြုမူကို ပိုမိုထိရောက်စေခြင်းနှင့် ဒေသခံကုမ္ပဏီများအတွက်အထောက်အကူပြုမှုများကို ရည်ရွယ်ပြီး Kanto-sho ၏ Tokan-shi တွင်လည်း အခြေစိုက်ရုံးထားရှိထားသည်။

    တည်နေရာ
    19-1 Pudong Software Park, 498 Guoshoujing Road, Pudong New Area, Shanghai, 201203, P.R. China

    ဝက်ဘ်ဆိုက် (တရုတ်)

  • KYOCERA Amoeba Management Consulting (Shanghai) Co., Ltd. [KAMC]Mgmt

    တရုတ်ရှိ 「the Amoeba Management System」 သုံးစွဲမှုမြင့်မားလာသည့် အတွက် 2012ခုနှစ်တွင် Shanghaiတွင် တည်ထောင်ခဲ့သည်။ the Amoeba Management System ဆွေးနွေးအကြံပေးဝန်ဆောင်မှုကိုတရုတ်၏ ကုမ္ပဏီများတွင်ဝန်ဆောင်ပေးခြင်းနှင့်အတူ ကျယ်ပြန့်စွာနှင့် အာရှရှိကုမ္ပဏီများ၏စီမံခန့်ခွဲမှုကို ထောက်ပံ့ပေးရန်အဓိကရည်ရွယ်ပြီး ဝန်ဆောင်မှုအမျိုးမျိုးကိုလည်းဆောင်ရွက်ပေးနေပါသည်။

    တည်နေရာ
    Unit 06, 11F, Dushi Headquarters Building, No.168, Middle Xizang Road, Huangpu District, Shanghai, 200001, P.R. China

    ဝက်ဘ်ဆိုက် (တရုတ်)

ဗီယက်နမ်

  • KYOCERA Communication Systems Vietnam Co., Ltd. [KCVN]Com

    KCCS နှင့် KCME သည် ဂျပန်နိုင်ငံအတွက် မြေပေါ်ပုံသေကြိုးမဲ့ဆက်သွယ်ရေးဌာန (base station) ဒီဇိုင်းဆွဲခြင်းကိုအစပြု၍ CAD လုပ်ငန်းလုပ်ဆောင်ခြင်းအခြေစိုက်ရုံး (offshore) အဖြစ်KCVNကို 08/2013 တွင်တည်ထောင်ခဲ့သည်။ KCCS Group သည်အတွေ့အကြုံနှင့်နည်းပညာများကို အသုံးချပြီး ဗီယက်နမ်နိုင်ငံတွင်းရှိ မွမ်းမံလုပ်ငန်းစဉ် (ရွေ့လျားစနစ်ကြိုးမဲ့ဆက်သွယ်ရေးဌာန၏ လျှပ်စစ်လှိုင်းတိုင်းတာခြင်း・အသင့်လျော်ဆုံးပြောင်းလဲခြင်း) များကိုလည်း စီစဉ်ထားသည်။ထို့အပြင် ဗီယက်နမ်နိုင်ငံတွင်းရှိ Kyocera Group Companies များ၏ System ထောက်ပံ့ခြင်းကို တိုးတက်အောင်လုပ်ဆောင်သွားမည်။

    တည်နေရာ
    Room 603, 6th Floor, Indochina Plaza Hanoi, 241 Xuan Thuy Str., Dich Vong Wd., Cau Giay Dist., Hanoi, Vietnam

မြန်မာ

  • KYOCERA Communication Systems Kinetic Myanmar Co., Ltd. [KCKM]Env

    KCCS Group သည် 09/2018 တွင်မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင်ဖြင့် တသီးတသန့်လျှပ်စစ်ထုတ်ခြင်းလုပ်ငန်းရှင် (IPP) အဖြစ် KYOCERA Communication Systems Kinetic Myanmar Co., Ltd. ကိုတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ၏လျှပ်စစ်ထုတ်အားသည် ၃၇% (2017ခုနှစ်တွင်) သာရှိပြီး မြန်မာအစိုးရသည်2030ခုနှစ်တွင် လျှပ်စစ်ထုတ်အား 「၁၀၀%」 အထိရည်မှန်းချက်ထားသည်။ ဂျပန်နိုင်ငံတွင် ပျိုးထောင်ရရှိခဲ့သော လုပ်ငန်းများ၏လုပ်ထုံးလုပ်နည်းများနှင့် Kinetic Myanmar Technology Co., Ltd. ၏ဒေသခံကုမ္ပဏီဟူသောအားသာချက်ကိုအသုံးချကာ ဆိုလာပန်နယ်ထောက်ပံ့ခြင်း・တပ်ဆင်တည်ဆောက်ခြင်း・လည်ပတ်ခြင်းကို Kyocera Group အနေဖြင့် တပြိုင်နက်တည်းဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၏လျှပ်စစ်ထုတ်အားတိုးတက်မှုကို အကျိုးပြုပါမည်။

    တည်နေရာ
    Crystal Office Tower, No.05 (Level-4), Junction Square Compound, Between Pyay Road & Kyun Taw Road, Kamayut Township, Yangon, Myanmar

မလေးရှား

  • KYOCERA PROPEL NETWORK SDN. BHD. [KCPN]ComEnv

    KCPN သည် Kyocera Group ၏ကုမ္ပဏီတစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအရည်အသွေးတိုးတက်မှု (mobile optimization) နှင့် အခြေစိုက်စခန်းတည်ဆောက်ခြင်း စသည့် ဆက်သွယ်ရေးအင်ဂျင်နီယာလုပ်ငန်း နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း ကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများကို လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး မလေးရှားတွင် ရုံးချုပ်တည်ရှိသည်။ ၂၀၁၆ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအင်ဂျင်နီယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် ၀န်ထမ်း၆၀ကျော်ရှိသည်။ ကျွန်ုပ်တို့သည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတွင်လည်း တိုးချဲ့လျက်ရှိပြီး အာဆီယံဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လည်း အထောက်အကူပြုမည်။

    တည်နေရာ
    84-1 & 84-2, Jalan Sungai Burung AA32 / AA, Bukit Rimau, Seksyen 32, 40460 Shah Alam, Selangor Darul Ehsan, Malaysia
    မြန်မာရုံးခွဲ
    Crystal Office Tower, No.04 (Level-4), Junction Square Compound, Between Pyay Road & Kyun Taw Road, Kamayut Township, Yangon, Myanmar.

    ဝက်ဘ်ဆိုက် (အင်္ဂလိပ်)

စင်ကာပူ

  • KYOCERA Communication Systems Singapore Pte. Ltd. [KCSG]ICT

    စင်္ကာပူနိုင်ငံတွင် အခြေဆိုက်သော KCSG ကုမ္ပဏီသည် အရှေ့တောင်အာရှတွင်အခြေဆိုက်ကြသော KCCS ကုမ္ပဏီများအတွက်ဗျူဟာမြောက်အချက်ချာတစ်ခုအဖြစ် လုပ်ငန်းများကို 04/2013တွင်စတင်လုပ်ဆောင်ခဲ့သည်။ KCSG သည်အရှေ့တောင်အာရှတွင်လုပ်ငန်းများဆောင်ရွက်နေကြသည့် အခြားကုမ္ပဏီများအတွက် EPR နှင့်လုံခြုံရေး ဆိုင်ရာဖြေရှင်းချက်များကဲ့သို့သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအမျိုးမျိုးကိုပံ့ပိုးပေးလျှက်ရှိသည်။ထို့အပြင် အရှေ့တောင်အာရှတွင် အခြေဆိုက်သော Kyocera Group ကုမ္ပဏီများအားထောက်ပံ့ကူညီများ တိုးချဲ့ ပံ့ပိုးပေးသည်။

    တည်နေရာ
    298 Tiong Bahru Road, #11-05/06 Central Plaza, 168730 Singapore

    ဝက်ဘ်ဆိုက် (အင်္ဂလိပ်)

အမေရိက

  • Interfocus Technologies, Inc. [Interfocus]ICT

    Interfocus သည် MOTEX Inc. မှ အမေရိကနိုင်ငံများတွင် ရောင်းချမှုအခြေပြုနေရာအဖြစ် တည်ထောင်ခဲ့သည့် ၁၀၀%လက်အောက်ခံကုမ္ပဏီဖြစ်သည်။ အမေရိကနိုင်ငံများရှိ ဂျပန်ကုမ္ပဏီများ၊ ဒေသခံကုမ္ပဏီများအတွက် 「LanScope Cat」 အစရှိသော လုံခြုံရေးကုန်ပစ္စည်းများရောင်းချခြင်း・ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးနေသည်။

    တည်နေရာ
    3565 Cadillac Drive, Costa Mesa, CA (Postcode:92626)

    ဝက်ဘ်ဆိုက် (အင်္ဂလိပ်)