ဆက်သွယ်ရေးသည် Kyocera Communication Systems Group ၏ စမှတ် ဖြစ်သည်။ လူမှုဝန်းကျင်၏အခြေခံတည်ဆောက်မှုကို တာဝန်ယူသည့်လုပ်ငန်းသည် ဆက်သွယ်ရေးအင်ဂျင်နီယာဖြစ်သည်။ Kyocera Communication Systemsသည်ဂျပန်တစ်နိုင်ငံလုံးကို ဖုံးလွှမ်းထားမည့် ဒီဇိုင်း・လက်တွေ့တည်ဆောက်ခြင်း・ထိန်းသိမ်းခြင်းစနစ်နှင့် အိုင်စီတီလုပ်ငန်းစဉ်များ၏ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုဖြင့် အမျိုးစုံပြောင်းလဲနေသောလူမှုပတ်ဝန်းကျင်၏ ဆက်သွယ်ရေးအခြေခံတည်ဆောက်ခြင်း・လည်ပတ်ခြင်းများကို ဆောင်ရွက်ပေးသွားမည်။

ဆက်သွယ်ရေးလုပ်ငန်းရှင်များအတွက်ကြိုးမဲ့ (wireless) အခြေခံတည်ဆောက်မှု

သယ်ဆောင်သွားနိုင်သောကြိုးမဲ့စနစ်၏ဌာန (base station) ဧရိယာခန့်မှန်းတိုင်းတာခြင်းနှင့် မွမ်းမံခြင်းကိုအခြေခံထားသည့်ဧရိယာဒီဇိုင်း၊ ညှိနှိုင်း・တည်ဆောက်တပ်ဆင်ခြင်း၊ ကြိုးမဲ့စက် ချိန်ညှိခြင်း၊ စတင်လည်ပတ်စေပြီးနောက်ပိုင်းလည်ပတ်ခြင်း・ထိန်းသိမ်းခြင်းများအထိ တပြိုင်နက်တည်းအထောက်အပံ့ပေးသည်။ စမတ်ဖုန်းများ တွင်ကျယ်လာခြင်းနှင့်အတူ လိုင်းကြပ်ခြင်းများတိုးပွားလာမှုအားဖြေရှင်းခြင်းနှင့် ပဉ္စမမြောက်ဆက်သွယ်ရေးစနစ်(5G)သို့ပြောင်းလဲခြင်းကြောင့် ပိုမိုအဆင့်မြှင့်တင်မှုများရှိလာသည့် ဆက်သွယ်ရေးလုပ်ငန်းများ၏ကွန်ယက်တည်ဆောက်ခြင်းကို အထောက်အကူပြုပေးပါမည်။ ထပ်မံ၍ ပစ္စည်းကိရိယာများကို တပြိုင်တည်းစုစည်းပို့ဆောင်ပေးပြီး အသုံးပြုနိုင်သည်အထိလုပ်ဆောင်ပေးသော logistics ဝန်ဆောင်မှုမျိုးအထိချဲ့ထွင်ကာ ဆက်သွယ်ရေးလုပ်ငန်းရှင်များ၏လိုအပ်ချက်ကို သင့်လျော်စွာဆောင်ရွက်ပေးမည့် အသင့်သုံးအင်ဂျင်နီယာဝန်ဆောင်မှုကိုပေးနေပါသည်။

သဘာဝဘေးကိုင်တွယ်ဆောင်ရွက်ခြင်း၊ ပွဲစီမံခြင်း

မုန်တိုင်း ၊ ငလျင်စသည့်သဘာဝဘေးဖြစ်ပွားချိန်နှင့် မီးပန်းလွှတ်ပွဲ၊ ဂီတပွဲများစသဖြင့် ကျင်းပချိန်တွင် ယာဉ်တင်ပုံစံအခြေစိုက်စခန်းကို ၎င်းနေရာသို့စေလွှတ်ခြင်း။ တည်ငြိမ်သောဆက်သွယ်ရေးပတ်ဝန်းကျင်ဝန်ဆောင်မှုကို ထောက်ပံ့ပေးနေသည်။

လုံခြုံမှု・အရည်အသွေး - သုံးစွဲသူများ၏ယုံကြည်မှုနက်ရှိုင်းစေရန် -

ဆက်သွယ်ရေးအင်ဂျင်နီယာလုပ်ငန်း၏အုတ်မြစ်ဖြစ်သည့် လုံခြုံမှု・ အရည်အသွေးကို ထိန်းသိမ်းရန် ၂၄နာရီ ၃၆၅ရက်ဝန်ဆောင်ပေးမည့် လုံခြုံမှု နှင့် အရည်အသွေး ထိန်းသိမ်းမှု စင်တာကိုထားရှိပြီး လက်တွေ့လုပ်ငန်းခွင်သို့ ဆက်သွယ်ခြင်းနှင့်သတိပေးခြင်းများဖြင့် လုံခြုံမှုထိန်းသိမ်းရေးအတွက် တင်းကြပ်စွာလုပ်ဆောင်နေသည်။

ပူးပေါင်းဆောင်ရွက်ခြင်း - လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုမည့်အင်ဂျင်နီယာအဖွဲ့ -

Kyocera Communication Systems Group တွင် ဂျပန်တစ်နိုင်ငံလုံး၏ဆောက်လုပ်ရေးကုမ္ပဏီများနှင့် အဖွဲ့ဝင်များ၏အချင်းချင်းလုပ်ငန်းတိုးတက်မှုနှင့်လုံခြုံမှုလက်တွေ့ လုပ်ဆောင်ခြင်းအကောင်အထည်ပေါ်မှုကိုရည်မှန်းသည့် ပူးပေါင်းဆောင်ရွက်ခြင်းအဖွဲ့ ကို ဖွဲ့စည်း・လည်ပတ်စေပြီး နည်းပညာရှင်များအားပျိုးထောင်ခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်းစသည့် သိပ်သည်းလေးနက်သော ဆက်နွယ်မှုကိုရည်မှန်းပါသည်။ (ဂျပန်နိုင်ငံတွင် ကုမ္ပဏီ 297 ခု အသုံးပြုလျှက်ရှိသည်။ *05/2023 လက်ရှိတွင်)

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအခြေခံအုတ်မြစ်တည်ဆောက်ခြင်း

နက်ဝက် (network) ဒီဇိုင်းမှအစ၊တည်ဆောက်ခြင်း・လည်ပတ်မှု・ထိန်းသိမ်းခြင်းတို့အပါအဝင် အိုင်စီတီလုပ်ငန်းစဉ်နှင့်ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ဆောင်ပေးခြင်းစသော အဖွဲ့အစည်းနက်ဝက်တည်ဆောက်ခြင်းနှင့် ပေါင်းစည်းခြင်းကိုဆောင်ရွက်နေသည်။

Local 5G

ကြိုးမဲ့အခြေစိုက်စခန်းဆိုင်ရာ လိုင်စင်လျှောက်ထားခြင်း ဧရိယာဒီဇိုင်းထုတ်ခြင်း(လျှပ်စစ်လှိုင်းတိုင်းတာခြင်း) အခြေစိုက်ဌာနတည်ဆောက်တပ်ဆင်ရေးစသည့်ဆက်သွယ်ရေးအင်ဂျင်နီယာမှ နက်ဝက်စက်ပစ္စည်း နှင့် အပလီကေးရှင်ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်းအထိ Local 5G နှင့်ဆိုင်သည့် အလုံးစုံသောပေါင်းစပ်မှုများကို တစ်ပြိုင်နက်တည်းထောက်ပံ့ပေးမည်။