KCCS ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (R&D) သည် အဖွဲ့၏ လုပ်ငန်းအသီးသီးနှင့်တစ်သားတည်းဖြစ်စေပြီး အသီးသီး၏အခြေခံနည်းပညာနှင့် နည်းပညာအသစ်များ・အသုံးပြုနည်းပညာများကိုသုတေသနလုပ်ကာ ကုန်ပစ္စည်း ဝန်ဆောင်မှုကိုတိုးတက်စေခြင်း၊ လုပ်ငန်းအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး လူမှုဝန်းကျင်ပြဿနာများကိုကိုင်တွယ်ဖြေရှင်းပေးကာ လူမှုဝန်းကျင်ကိုအဆက်မပြတ် တိုးတက်နေစေခြင်းဖြင့် အကျိုးပြုရန်ရည်မှန်းနေပါသည်။

သုံးစွဲသူများ၏စိတ်လှုပ်ရှားပျော်ရွှင်မှုနှင့်ထပ်တူခံစားမှုကို သုတေသနတိုးတက်မှု၏ရလာဒ်အဖြစ်

IoT ပြန့်ပွားမှုကိုအားပေးသည့်နည်းပညာနှင့် AI (လူလုပ်အသိဉာဏ်) နည်းပညာကိုသုံးထားသည့် ပေါင်းစပ်မှုစသော နယ်ပယ်အမျိုးမျိုးတွင် နည်းပညာသစ် လက်တွေ့အသုံးချမှုကို စိန်ခေါ်လုပ်ဆောင်နေသည်။ နည်းပညာတိုးတက်မှုနှင့် စမ်းသပ်မှု၏ရလဒ်သည် လမ်းခုလတ်ရလာဒ်အဖြစ်ဆုပ်ကိုင်ပြီး ၎င်းသည် လူမှုဝန်းကျင်တွင်အသုံးဝင်ကာ သုံးစွဲသူများနှင့်စိတ်လှုပ်ရှားပျော်ရွှင်မှုကိုအတူခံစားနိုင်ကာ ပထမဆုံးအဖြစ် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (R&D) ၏ရလာဒ်ကိုရရှိပြီဟုယူဆနိုင်သည်။ နောက်ပိုင်းတွင်လည်း အစဉ်ပြောင်းလဲနေသောဈေးကွက်ကို ကြိုတင်မှန်းဆထားသော နည်းပညာတိုးတက်မှုကို ဆောင်ရွက်ခြင်းနှင့်အတူ နီးစပ်သော အနာဂါတ်၏လက်တွေ့အသုံးပြုမှုကို ဆက်လက်တိုးတက်စေမည်။

သက်ဆိုင်ရာ သတင်းအချက်အလက်

သတင်းထုတ်ပြန်မှုများ

KYOCERA Begins Research in AI-based Image Recognition to Help Diagnose Skin Diseases and Cancers via Smartphone (အင်္ဂလိပ်)