စီးပွားရေးနယ်ပယ်များ

လူများ ၊ သတင်းအချက်အလက်များ စီးပွားရေးလုပ်ငန်းများနှင့်လူအဖွဲ့စည်အစည်းများအကြား ဆက်သွယ်မှုများကောင်းမွန်အောင်ထောက်ပံပေးသည့် ပေါင်းစည်းအားကိုဖန်တီးသည်။

Kyocera Corporation ၏ ကိုယ်ပိုင်သီးသန့်စီမံခန့်ခွဲမှုထိန်းသိမ်းခြင်းနည်း၊ the Amoeba Management System ကိုအခြေခံအဖြစ် 「အိုင်စီတီ」「ဆက်သွယ်ရေးအင်ဂျင်နီယာ」「သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင်အင်ဂျင်နီယာ」「စီမံခန့်ခွဲမှုအတိုင်ပင်ခံ」 ဟူသော လုပ်ငန်းနယ်ပယ်၄ခုကိုကိုင်ဆောင်ထားသည့် Kyocera Communication Systems Group ဖြစ်သည်။ လုပ်ငန်းအသီးသီးနှင့်အုပ်စုကုမ္ပဏီ အသီးသီး၏ပေါင်းစပ်လုပ်ဆောင်ခြင်းကို အသုံးချထားသော ဆက်သွယ်ရေးအဖွဲ့အစည်းကိုဖန်တီးပြီး ကုမ္ပဏီ၏အခက်အခဲဖြေရှင်းခြင်းနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးမှု・တိုးတက်မှုတို့တွင် အကျိုးပြုပါမည်။

အိုင်စီတီ

အိုင်စီတီလုပ်ငန်းသည် Kyocera Group အတွက်အဓိကလုပ်ငန်း၊ ထုတ်လုပ်မှုကြီးကြပ်ရေးစနစ်နှင့် အဓိကဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် KDDI ၏စနစ်အသီးသီးဖန်တီးမှု၊ စတင်အသုံးချမှု၊ ထိန်းသိမ်းမှုများတွင် များစွာသောအောင်မြင်မှုများရရှိထားသည်။ [သတင်းအချက်အလက်များကိုထိန်းသိမ်းခြင်း၊ ချိတ်ဆက်ခြင်း၊ အသုံးချခြင်းအပြင်စီမံခန့်ခွဲမှုကိုတိုးမြှင့်ခြင်း]ကို မူအဖြစ်ဖြင့် သုံးစွဲသူများ၏စီမံခန့်ခွဲမှုလက်နက်ဖြစ်စေမည့် စီမံအုပ်ချုပ်မှုစနစ်ကိုတည်ဆောက်ခြင်းအပြင်၊ [AI] [IoT] [Cloud] [လုံခြုံရေး]စသည်တို့၏ ပြောင်မြောက်သောနည်းပညာကိုအသုံးပြုကာ စီးပွားရေးကိုပြောင်းလဲစေပြီး သုံးစွဲသူများနှင့် လူမှုအဖွဲ့အစည်းများ၏ပြဿနာဖြေရှင်းမှုများတွင် အကျိုးပြုမည့် IT ‌‌ဖြေရှင်းမှုများကိုပေးအပ်သွားပါမည်။

အိုင်စီတီ

ဆက်သွယ်ရေးအင်ဂျင်နီယာ

ဆက်သွယ်ရေးသည် Kyocera Communication Systems Group ၏ စမှတ် ဖြစ်သည်။ လူမှုဝန်းကျင်၏အခြေခံတည်ဆောက်မှုကို တာဝန်ယူသည့်လုပ်ငန်းသည် ဆက်သွယ်ရေးအင်ဂျင်နီယာဖြစ်သည်။ Kyocera Communication Systemsသည်ဂျပန်တစ်နိုင်ငံလုံးကို ဖုံးလွှမ်းထားမည့် ဒီဇိုင်း・လက်တွေ့တည်ဆောက်ခြင်း・ထိန်းသိမ်းခြင်းစနစ်နှင့် အိုင်စီတီလုပ်ငန်းစဉ်များ၏ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုဖြင့် အမျိုးစုံပြောင်းလဲနေသောလူမှုပတ်ဝန်းကျင်၏ ဆက်သွယ်ရေးအခြေခံတည်ဆောက်ခြင်း・လည်ပတ်ခြင်းများကို ဆောင်ရွက်ပေးသွားမည်။

ဆက်သွယ်ရေးအင်ဂျင်နီယာ

သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင် အင်ဂျင်နီယာ

04/2020 တွင်ပေါင်းစည်းခဲ့သည့် Kyocera Solar Corporation ၏ နေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းလုပ်ငန်း၏အောင်မြင်မှုနှင့် Kyocera Communication Systems ၏အင်ဂျင်နီယာလုပ်ငန်းမှ နည်းလမ်းများကိုပေါင်းစပ်ခြင်း။ အိမ်သုံးနှင့်အများသုံး၊ ကုန်ထုတ်လုပ်ငန်းသုံးနေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းစနစ်၏ အကြံပြုပေးခြင်းမှပြုပြင်ထိန်းသိမ်းပေးခြင်းအထိ၊ စိတ်ချရသော တစ်ပြိုင်နက်ဝန်ဆောင်မှုများကိုစွမ်းဆောင်နိုင်ပါသည်။ နေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းသာမက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းကို တက်ကြွစွာဖြင့် တိုးတက်အောင်ဆောင်ရွက်သွားပြီး ပတ်ဝန်းကျင်နှင့်အတူရှင်သန်နိုင်မည့် လူမှုအဖွဲ့အစည်းဖန်တီးမှုများတွင် အကျိုးပြုသွားပါမည်။

သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင် အင်ဂျင်နီယာ

စီမံခန့်ခွဲမှုအတိုင်ပင်ခံ

Kyocera Corporation တည်ထောင်သူဖြစ်သည့် Kazuo Inamori က လက်တွေ့လုပ်ဆောင်မှုများကြားမှ ထုတ်နှုတ်အကောင်အထည် ဖော်ခဲ့သည့် 「the Amoeba Management System」 သည် ပြင်းထန်စွာပြောင်းလဲသည့်စီမံခန့်ခွဲမှုဝန်းကျင်အတွင်း ကုမ္ပဏီကို တောင့်တင်းစွာထောက်ပံ့ပေးသည့် လက်တွေ့ဆန်ကာ ယေဘုယျဆန်သောစီမံခန့်ခွဲမှုထိန်းသိမ်းခြင်း နည်းလမ်းဖြစ်သည်။ မိတ်ဆက်သုံးစွဲသည့်ကုမ္ပဏီ၏လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းပုံစံသည်ကျယ်ပြန့်သည့်အလျောက် ကုန်ထုတ်လုပ်ငန်းမှစ၍ လက်ကား၊ လက်လီရောင်းချခြင်းလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဆေးဝါးကုသရေး၊ ပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်း၊ တက်သစ်စကုမ္ပဏီများစသဖြင့် ကုမ္ပဏီပေါင်း 926 ခု (ယခုလက်ရှိ 03/2023 တွင်) ရှိပါသည်။ ရှိပါသည်။ [the Amoeba Management System]ကို အခြေခံသည့်ဆွေးနွေးမှုများဖြင့် သုံးစွဲသူများ၏ ''လုပ်ငန်းဆန်းသစ်တီထွင်မှုများ'' ကို အထောက်အကူပြုပါမည်။

စီမံခန့်ခွဲမှုအတိုင်ပင်ခံ

သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း

Kyocera Communication Systems ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (R&D) သည် အဖွဲ့၏ လုပ်ငန်းအသီးသီးနှင့်တစ်သားတည်းဖြစ်စေပြီး အသီးသီး၏အခြေခံနည်းပညာနှင့် နည်းပညာအသစ်များ・အသုံးပြုနည်းပညာများကိုသုတေသနလုပ်ကာ ကုန်ပစ္စည်း ဝန်ဆောင်မှုကိုတိုးတက်စေခြင်း၊ လုပ်ငန်းအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး လူမှုဝန်းကျင်ပြဿနာများကိုကိုင်တွယ်ဖြေရှင်းပေးကာ လူမှုဝန်းကျင်ကိုအဆက်မပြတ် တိုးတက်နေစေခြင်းဖြင့် အကျိုးပြုရန်ရည်မှန်းနေပါသည်။

သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း