Kyocera Corporation တည်ထောင်သူဖြစ်သည့် Kazuo Inamori က လက်တွေ့လုပ်ဆောင်မှုများကြားမှ ထုတ်နှုတ်အကောင်အထည် ဖော်ခဲ့သည့် 「the Amoeba Management System」 သည် ပြင်းထန်စွာပြောင်းလဲသည့်စီမံခန့်ခွဲမှုဝန်းကျင်အတွင်း ကုမ္ပဏီကို တောင့်တင်းစွာထောက်ပံ့ပေးသည့် လက်တွေ့ဆန်ကာ ယေဘုယျဆန်သောစီမံခန့်ခွဲမှုထိန်းသိမ်းခြင်း နည်းလမ်းဖြစ်သည်။ မိတ်ဆက်သုံးစွဲသည့်ကုမ္ပဏီ၏လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းပုံစံသည်ကျယ်ပြန့်သည့်အလျောက် ကုန်ထုတ်လုပ်ငန်းမှစ၍ လက်ကား၊ လက်လီရောင်းချခြင်းလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဆေးဝါးကုသရေး၊ ပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်း၊ တက်သစ်စကုမ္ပဏီများစသဖြင့် ကုမ္ပဏီပေါင်း ၈၄၄ခု (ယခုလက်ရှိ 03/2020 တွင်) ရှိပါသည်။ [the Amoeba Management System]ကို အခြေခံသည့်ဆွေးနွေးမှုများဖြင့် သုံးစွဲသူများ၏ ''လုပ်ငန်းဆန်းသစ်တီထွင်မှုများ'' ကို အထောက်အကူပြုပါမည်။

  • *
    「the Amoeba Management System」 နှင့်ပတ်သတ်သော လုပ်ပိုင်ခွင့်ကို Kyocera Corporation မှ ကိုင်ဆောင်ထားသည်။

The Amoeba Management System အတိုင်ပင်ခံ

သုံးစွဲသူများ၏စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမှုများနှင့်ချိန်ညှိထားသော စုပေါင်းအတိုင်ပင်ခံမှုအဖြစ် the Amoeba Management System မိတ်ဆက်သုံးစွဲခြင်း၊ လည်ပတ်ခြင်း၊ ထိုးဖောက်ခြင်း၊ အခြေကျစေခြင်းတို့ကို အထောက်အကူပြုပါမည်။ အဖွဲ့ဝင်အားလုံးပါဝင်သည့် စီမံခန့်ခွဲရေးလက်တွေ့လုပ်ဆောင်ခြင်းဖြင့် အဖွဲ့အစည်း၏အသက်ဝင်မှုနှင့်အတူ အရည်အချင်းရှိသည့်စီမံခန့်ခွဲသူရရှိရန် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းကို အထောက်အကူပြုပါမည်။

ဆေးဝါးကုသရေး၊ ပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်းများအတွက် the Amoeba Management System အတိုင်ပင်ခံ

ဆေးရုံ၊ ပြုစုစောင့်ရှောက်ရေးဌာနများ စသည်တို့နှင့်သင့်လျော်သည့် the Amoeba Management System မိတ်ဆက်သုံးစွဲခြင်း၊ လည်ပတ်ခြင်း၊ ထိုးဖောက်ခြင်း၊ အခြေကျခြင်းတို့ကို အထောက်အကူပြုပါမည်။ စီမံခန့်ခွဲရေးကိုမြင်သာစေခြင်းနှင့် ပိုမိုကောင်းမွန်စေခြင်းများ၊လက်တွေ့အကောင်အထည်ဖော်ကာ အရည်အသွေးမြင့်မားပြီးပြည့်ဝကောင်းမွန်သည့် ဆေးဝါးကုသရေး၊ ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုများကို ရေရှည်ဝန်ဆောင်သွားရန် အထောက်အကူပြုပါမည်။

ဝန်ထမ်းရေးရာဆွေးနွေးမှု

ကုမ္ပဏီမှ ဝန်ထမ်းများအား လုပ်ဆောင်စေလိုသည့်အလုပ်စံညွှန်းနှင့် လူ့စွမ်းအားအရင်းအမြစ်ကိုအကျိုးသက်ရောက်စေမည့် ဝန်ထမ်းရေးရာစနစ်တည်ဆောက်ခြင်း၊ လည်ပတ်စေခြင်းအပါအဝင် "လူ့စွမ်းအင်ကိုအသုံးချခြင်း"အတွက် အဖွဲ့အစည်းဖွဲ့စည်းမှုများတွင် အထောက်အကူပြုပါမည်။

ပညာရေး၊ လေ့ကျင့်ရေး ဆွေးနွေးမှု

အဖွဲ့ဝင်အားလုံးပါဝင်နိုင်မည့် the Amoeba Management System ကိုလက်တွေ့ဖော်ဆောင်ရန် ဝန်ထမ်းသစ်များမှစ၍ စီမံခန့်ခွဲရေး အကြီးပိုင်းအထိ အလွှာအသီးသီးအား Kyocera Group ၏ရလာဒ်ကောင်းများကိုပုံဖော်ထားသည့် ပညာရေး၊ လေ့ကျင့်ရေး အစီအစဉ်များကို ဝန်ဆောင်ပေးအပ်ပါမည်။

အွန်လိုင်းပညာရေးဝန်ဆောင်မှု

Kazuo Inamori ၏ ဟောပြောမှုမှတ်တမ်းကိုထုတ်လွှင့်ပေးမည့်အဖွဲ့ဝင်စနစ်ဝန်ဆောင်မှု [Inamori Digital Library]နှင့် စီးပွားရေးကိုရည်စူးထားသည့် အခြေခံဗဟုသုတ၊ အခြေခံဗဟုသုတဟောပြောချက် (BizArts)၊ E-book ထုတ်လွှင့်အခြေခံ (BookLooper) စသဖြင့် အမျိုးမျိုးသောသင်ယူမှုအခွင့်အရေးများကို ဝန်ဆောင်ပေးအပ်သွားပါမည်။

သတင်းအချက်အလက်စနစ်

The Amoeba Management System ၏ အကျိုးရှိသောလည်ပတ်မှုများအတွက် လုပ်ငန်းခွင်၏သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ကြီးကြပ်ထိန်းသိမ်းနိုင်၊ ဖမ်းဆုပ်နိုင်မည့် သတင်းအချက်အလက်စနစ်ကို ဝန်ဆောင်ပေးအပ်သွားပါမည်။

Related ပြန်ကြားရေး