သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင် အင်ဂျင်နီယာ

04/2020 တွင်ပေါင်းစည်းခဲ့သည့် Kyocera Solar Corporation ၏ နေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းလုပ်ငန်း၏အောင်မြင်မှုနှင့် Kyocera Communication Systems ၏အင်ဂျင်နီယာလုပ်ငန်းမှ နည်းလမ်းများကိုပေါင်းစပ်ခြင်း။ အိမ်သုံးနှင့်အများသုံး၊ ကုန်ထုတ်လုပ်ငန်းသုံးနေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းစနစ်၏ အကြံပြုပေးခြင်းမှပြုပြင်ထိန်းသိမ်းပေးခြင်းအထိ၊ စိတ်ချရသော တစ်ပြိုင်နက်ဝန်ဆောင်မှုများကိုစွမ်းဆောင်နိုင်ပါသည်။ နေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ခြင်းသာမက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းကို တက်ကြွစွာဖြင့် တိုးတက်အောင်ဆောင်ရွက်သွားပြီး ပတ်ဝန်းကျင်နှင့်အတူရှင်သန်နိုင်မည့် လူမှုအဖွဲ့အစည်းဖန်တီးမှုများတွင် အကျိုးပြုသွားပါမည်။

နေစွမ်းအင် မှလျှပ်စစ်ထုတ်ခြင်းစနစ်

မက်ဂါဆိုလာလျှပ်စစ်ထုတ်လုပ်ရေးကိုအစပြုပြီး အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများအသုံးပြုရန် နေရောင်ခြည်မှလျှပ်စစ်ထုတ်စနစ်၏ ဒီဇိုင်းဆွဲခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လည်ပတ်ခြင်း၊ ထိန်းသိမ်းခြင်းအထိတပြိုင်နက်တည်း ထောက်ပံ့ပေးမည်။ လျှပ်စစ်လုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်းနှစ်ဖက်လုံး၏ အတွေ့အကြုံနှင့်နည်းပညာအင်အားဖြင့် စက်ရုံ၏ခေါင်မိုးပေါ်၊ ရေပေါ်စသည်ဖြင့်များပြားသော ဆိုလာလျှပ်စစ်ထုတ်ခြင်း၏ဒီဇိုင်းဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း ရလဒ်များလည်းရှိပါသည်။

Futtsu, Chiba (ထုတ်နိုင်အား : ၄၂မက်ဂါဝက်ခန့်)
Kato, Hyogo (ထုတ်အား။ ။ပျမ်းမျှ ၁.၆ မက်ဂါဝက်) ※ရေပေါ်တပ်ဆင်မှု

O & M (လည်ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းပေးခြင်း) ဝန်ဆောင်မှု

နေရောင်ခြည်မှ လျှပ်စစ်ဓါတ်ထုတ်လုပ်ရုံနေရာ၏ပြဿနာကြောင့် လျှပ်စစ်ဓါတ်ထုတ်လုပ်မှုလေလွင့်ခြင်းများ မဖြစ်ပေါ်စေရန် အမြဲစောင့်ကြည့်ခြင်း၊ ထိန်းသိမ်းခြင်းအစီအစဉ်၊ ပုံမှန်စစ်ဆေးခြင်း၊ တပ်ဆင်မှုပိုင်းဆိုင်ရာကြီးကြပ်မှုများကို လုပ်ဆောင်မှု၊ ထိန်းသိမ်းခြင်းဝန်ဆောင်မှုများကိုပေးအပ်သွားပြီး နေရာပေါင်း၃၇၉ခု၊ ပမာဏ ပျမ်းမျှ ၇၇၇မက်ဂါဝက်(လက်ရှိ 06/2020 တွင်)အား လည်ပတ်ခြင်း၊ ကြီးကြပ်ခြင်းများကို ဆောင်ရွက်နေပါသည်။ ၂၄နာရီစောင့်ကြည့်ခြင်းစနစ်နှင့်အရေးပေါ်ကောင်တာစသဖြင့် ပြည့်စုံသောဝန်ဆောင်မှုများနှင့် တစ်နိုင်ငံလုံး၏ထိန်းသိမ်းရေး ကွန်ယက်ကိုကောင်းစွာအသုံးချပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုလည်ပတ်ခြင်းကို အထောက်အကူပြုပါမည်။

ပုံမှန်စစ်ဆေးခြင်း (အရည်အသွေးစစ်ဆေးခြင်း)
တပ်ဆင်မှုပိုင်းဆိုင်ရာကြီးကြပ်မှု
ကင်မရာဖြင့်စောင့်ကြည့်ခြင်း / အချိန်ပြည့်စောင့်ကြည့်ခြင်း
Sakura ဆိုလာစွမ်းအင်စင်တာ (စောင့်ကြည့်စင်တာ)

၁၀၀%ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် Zero Emission ဒေတာစင်တာ

ယခုနှစ်များအတွင်း ဂျပန်၏စွမ်းအင်ရောနှောခြင်းကိုပြန်လည်သုံးသပ်နေကြပြီး ပြန်လည်အသုံးပြုနိုင်သည့်စွမ်းအင် (ပြန်သုံးစွမ်းအင်) ကိုအဓိကလျှပ်စစ်အဖြစ် ပြောင်းလဲသည့်လှုပ်ရှားမှုက ဆက်လက်ဖြစ်ပေါ်နေသော်လည်း သဘာဝအကြောင်းတရားများကြောင့် အပြောင်းအလဲရှိနိုင်သော ပြန်သုံးစွမ်းအင်ဖြည့်စွမ်းမှုကို အခြေတကျဖြစ်စေရန် မည်သို့လုပ်ဆောင်ရမည်က ပြဿနာကြီးဖြစ်နေသည်။ KYOCERA Communication Systems သည် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ စွန့်ပစ်ဇီဝပစ္စည်းများ (Biomass) ဖြင့် ထုတ်ထားသောလျှပ်စစ်ဓာတ်အားကို လျှပ်စစ်ထုတ်ရာနေရာမှ ကိုယ်ပိုင်လိုင်းဖြင့်တိုက်ရိုက်ပေးပို့ပြီး လိုအပ်ပမာဏကိုထိန်းချုပ်ရင်း ဒေတာစင်တာကိုလည်ပတ်စေသည့် 「၁၀၀%ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Zero Emission ဒေတာစင်တာ」 Hokaido Ishikari-shi တွင် ဖွင့်လှစ်သွားရန်စီစဉ်ထားသည်။ ဒေသ၏အားသာချက်ကိုအသုံးချကာ၊ နွေရာသီတွင် ဆောင်းတွင်း၌သိုလှောင်ထားခဲ့သောနှင်းဖြင့် ဆာဗာကိုအအေးခံသည့်နှင်းခဲအအေးခံစက်ကို တပ်ဆင်မည်။ အဆိုပါလုပ်ငန်းမှတစ်ဆင့် ဒေသထွက်ကုန်ဒေသစားသုံးစနစ်ဖြင့် ပြန်သုံးစွမ်းအင်ကိုပြန့်ပွားစေပြီး သဘာဝပတ်ဝန်းကျင်ကိုအကျိုးဖြစ်ထွန်းစေကာ ဒေတာစင်တာနည်းပညာရှင်များ စွမ်းအင်နှင့်ဆက်စပ်သောနည်းပညာရှင်များစသည်တို့ကို ခန့်အပ်ဖော်ထုတ်ခြင်းဖြင့် ဒေသသက်ဝင်လှုပ်ရှားလာမှုအတွက်အကျိုးပြုရန် ရည်ရွယ်ပါသည်။

Conceptual diagram of 100% renewable energy zero-emission data centers

မြန်မာနိုင်ငံရှိလျှပ်စစ်မီးမရှိသည့်ကျေးလက်များအတွက် IPP လုပ်ငန်း

KYOCERA Communication Systems Kinetic Myanmar Co., Ltd.

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် ၁၀၀%ကို မျှော်မှန်းဦးတည်ပြီး 2030ခုနှစ်မတိုင်ခင်အထိ ပျမ်းမျှ ၄၃၀၀၀ ခန့်ရှိသော လျှပ်စစ်မီးမရှိသည့်ကျေးလက်ဒေသများအား လျှပ်စစ်မီးရရှိရေးအတွက် အစီအစဉ်ရေးဆွဲနေပါသည်။ Kyocera Communication Systems Kinetic Myanmar သည် သီးခြားလျှပ်စစ်ဓါတ်အားထုတ်လုပ်ငန်း (IPP) အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်မီးမရရှိသေးသောဒေသများ၊ လျှပ်စစ်ဓါတ်အားမလုံလောက်သောဒေသများ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု အခြေစိုက်စခန်းနှင့် လျှပ်စစ်ဓာတ်အားပေးဝေခြင်းတပ်ဆင်မှုများ၊ မဟာဓာတ်အားလိုင်းပြင်ပစနစ်(လျှပ်စစ်ဓါတ်အားကုမ္ပဏီ၏ ဓါတ်အားပို့လွှတ်ကွန်ယက်နှင့်ဆက်နွယ်ခြင်းမရှိသော လျှပ်စစ်ဓါတ်အားထုတ်စနစ်) စသည်တို့၏တပ်ဆင်ခြင်းများကို ဆောင်ရွက်သွားပါမည်။
ဂျပန်နိုင်ငံတွင်စုဆောင်းခဲ့သော ဆိုလာလုပ်ငန်း၏နည်းလမ်းများကိုအသုံးချကာ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားရရှိရေး တိုးတက်မှုကိုအထောက်အကူပြုပြီး ကျေးလက်နေပြည်သူများ၏လူနေမှုတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး တို့တွင် အကျိုးပြုသွားပါမည်။